"Solar System Setup & Battery Calculation”

🔋 ဆိုလာစနစ်ကို စနစ်တကျ အသုံးပြုရန် အဆင့် ၅ ဆင့်


အဆင့် (၁) – မိမိအသုံးပြုမည့် ပမာဏ ဆန်းစစ်ခြင်း

မိမိအမှန်တကယ်အသုံးပြုမည့် လျှပ်စစ်ပစ္စည်းများ၏ ဝပ်(Watt) နှင့် တစ်နေ့အတွင်း အသုံးပြုမည့် နာရီ(Hour) ကို သိထားရန်လိုသည်။ ထို့နောက် တစ်နေ့တာအတွင်း အသုံးပြုမည့် စုစုပေါင်း ဝပ်နာရီ (Wh) ကို တွက်ချက်ရပါမည်။

ဥပမာ:

  • 20W မီးချောင်း × 5 ချောင်း × 6 နာရီ = 600 Wh
  • 100W TV (LED 32") × 1 × 4 နာရီ = 400 Wh
  • 50W ပန်ကာ × 1 × 2 နာရီ = 100 Wh
  • 700W ထမင်းပေါင်းအိုး × 1 × 0.5 နာရီ = 350 Wh

စုစုပေါင်း = 1450 Wh/day

အဆင့် (၂) – ဘက်ထရီ ပမာဏ တွက်ချက်ခြင်း

1450 Wh ကို 12V ဘက်ထရီနဲ့ အသုံးပြုမယ်ဆိုရင်:

Calculation: 1450 ÷ 12 × 2 = 241.67 Ah120Ah × 2

မှတ်ချက် – ကားဘက်ထရီများသည် အားအပြည့်အသုံးမခံနိုင်သောကြောင့် Solar system အတွက်မသင့်ပါ။

အဆင့် (၃) – ဆိုလာပြား ပမာဏ တွက်ချက်ခြင်း

Battery ကို တနေ့အတွင်း ပြန်အောင်အားသွင်းရန် လိုအပ်သော Solar Panel Size:

Calculation: 1450 Wh ÷ 12V = 120.83 Ah

100W Solar Panel × 1 နာရီ = 5.6 Ah (အများဆုံး)

နေ့စဉ် 5 နာရီနေရောင်ထည့်ပြီး:

1 Panel = 5.6 × 5 = 28 Ah → Required Solar = 120.83 ÷ 28 × 100 = 431.53W

ရွေးချယ်မှု:

  • 150W × 3 ချပ်
  • 240W × 2 ချပ်
  • 120W × 4 ချပ်

အဆင့် (၄) – အင်ဗာတာ ပမာဏ တွက်ချက်ခြင်း

စုစုပေါင်း Load:

  • မီးချောင်း: 20W × 5 = 100W
  • TV: 100W × 1 = 100W
  • ပန်ကာ: 50W
  • ပေါင်းအိုး: 700W

Total Load = 950W + 30% = 1235W

သတိ – မော်တာ၊ Compressor များသည် Starting Load 3 ဆ ထိရှိနိုင်သည်။

အဆင့် (၅) – Charge Controller ရွေးချယ်ခြင်း

Solar Panel = 150W × 3 = 450W → 18V Battery အတွက်

Calculation: 450 ÷ 18 = 25A + 20% = 30A Charge Controller

Credit: Energy Solar

Previous Post Next Post