Landing Page ဆိုတာ Website Visitor တွေကို သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တစ်ခု (Action) ပြုလုပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ သီးသန့် Web Page တစ်ခုဖြစ်ပါတယ်။
ဥပမာ:
• Product တစ်ခုကို ဝယ်ယူဖို့
• Form တစ်ခုကို ဖြည့်ဖို့
• Service တစ်ခုအတွက် Register လုပ်ဖို့
• Free Trial စာရင်းသွင်းဖို့
| Landing Page |
Website |
| ရည်ရွယ်ချက် တစ်ခုတည်း |
ရည်ရွယ်ချက် အမျိုးမျိုး |
| Page တစ်ခုတည်း |
Page အများအပြား |
| Menu Navigation မပါဝင်ပါ |
Menu Navigation ပါဝင်ပါသည် |
| Conversion Focus |
Information Focus |
ဘာကြောင့် Landing Page လိုအပ်လဲ?
၁။ Focus ရှိခြင်း - Visitor တွေကို အာရုံမပြားစေဘဲ Action တစ်ခုတည်းကိုပဲ အာရုံစိုက်စေပါတယ်။
၂။ Conversion Rate မြင့်ခြင်း - ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဒီဇိုင်းထုတ်ထားတာကြောင့် Website ထက် Conversion Rate ပိုမြင့်ပါတယ်။
၃။ Advertising အတွက် သင့်တော်ခြင်း - Facebook Ads, Google Ads တွေကနေ လာတဲ့ Traffic ကို Landing Page နဲ့ ချိတ်တာက ပိုပြီး အကျိုးရှိပါတယ်။
၄။ မြန်ဆန်ခြင်း - Page တစ်ခုတည်းဖြစ်တာကြောင့် Load Speed မြန်ပြီး User Experience ကောင်းပါတယ်။
NEXORA မှာ ဘာတွေလုပ်ပေးလဲ?
NEXORA မှာ သင့်လုပ်ငန်းအတွက် High-Converting Landing Page တွေကို Custom Design, Mobile Responsive, Fast Loading, SEO Optimized နှင့် Contact Form ပါဝင်တဲ့ စနစ်တွေနဲ့ တည်ဆောက်ပေးနေပါတယ်။
Facebook Page အတွက် Professional Post ဖန်တီးနည်း